မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းမြေသားလမ်းဖောက်လုပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းမြေသားလမ်းဖောက်လုပ်လျက်ရှိ


MNP   -  ဖေဖော်ဝါရီ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၃၂ ဒသမ ၆၅၆ သန်း အကုန်အကျခံကာ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ရှမ်း)-ဝမ်ကောင်း(လားဟူ)-နားဖား-နမ့်မု(အောက်/ထက်)-နမ့်ဘော်-ဟိုနမ့်-ဟိုတုံ ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျေးရွာချင်းဆက်လမ်း (၁၉/၀ )မိုင်ပေါ်မှ (၈/၀)မိုင်ဆောင်ရွက်ပြီး ကျန်(၁၁/၀) မိုင်မှ (၃/၀)မိုင်အား တင်ဒါအောင်မြင်သည့် Win & Daughter ကုမွဏီမှ ဇူလိုင်လတွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီးကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရန်အတွက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၁၇)ရွာမှ ဒေသခံပြည်သူများ မိုင်းပျဉ်းမြို့သို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းများတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)