MNP - ဖေဖော်ဝါရီ ၁၄
အေစီမီလန်အသင်းဟာ တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။အေစီမီလန်ဘုတ်အဖွဲ့ဟာ မျှော်လင့်ထားသည့်အတိုင်း ယနေ့တွင် အိုလီဗီယာ ဂျီရူးရဲ့ အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုရရှိရန် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်းသိရသည်။
အဆိုပါ အသက် ၃၆နှစ်အရွယ် ပြင်သစ်သားကို အေစီမီလန်အသင်းဟာ ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်စေရန်အတွက် လာမည့်ရက်သတ္တပတ်များအတွင်း ဆွေးနွေးမှုအသစ်ပြုလုပ်ရန် မျှော်လင့်ထားကြောင်းသိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment