ထိုင်းနိုင်ငံတွင် ပြန်လာရန်အခက်အခဲများ ကြုံတွေ့ခဲ့သော မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်မှ နေရပ်ပြန်သူများအား တပ်မတော်(ရေ) စစ်ရေယာဉ်များဖြင့် မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံတွင် ပြန်လာရန်အခက်အခဲများ ကြုံတွေ့ခဲ့သော မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်မှ နေရပ်ပြန်သူများအား တပ်မတော်(ရေ) စစ်ရေယာဉ်များဖြင့် မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်








MNP ၊ ဖေဖော်ဝါရီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲ ကြုံတွေ့ခဲ့ ရသော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉) ဦးတို့အနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၁၇၀) ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိသည်။

    

ထိုသို့ပို့ဆောင်ပေးရန် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် တင်ဆောင်လာစဉ် စစ်ရေယာဉ်ရှိ အရာရှိ၊ စစ်သည်များက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ပြီး ရေယာဉ်အပေါ် ၌ စနစ်တကျနေရာချထားပေးခြင်း၊ အာဟာရပြည့်စားသောက်ဖွယ်ရာများ ကျွေးမွေး၍ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်စေခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ် ဆောင်ရွက် ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စိတ်ရွှင်လန်း အပန်းပြေစေရန် ဆောင်ရွက်ပေးကြသည်။


အဆိုပါ စစ်ရေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ကျိုက္ခမီအဝအနီးသို့ ရောက်ရှိ ပြီး မွန်ပြည်နယ်မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၅၂) ဦးတို့အား တပ်မတော် (ရေ)မှ ကမ်း ထိုးရေယာဉ်ပေါ်သို့ ပြောင်းလဲတင်ဆောင်၍ မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်ပေးသည်။ 

    

မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံ သားများ၏ မိသားစုဝင်များက နွေးထွေး လှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။ နေရပ်ပြန်မြန်မာနိုင်ငံသားများအား  နေ့လယ်စာ ပေးဝေပြီး မော်လမြိုင်မြို့၊ သာသနာ့  ဗိမာန်တော်ကြီး၌ စုဝေးကာ တာဝန်ရှိသူများက လိုအပ်သည်များမှာကြား၍ သက်ဆိုင် ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျအပ်နှံကာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန် ပြန်လည်တွေ့ဆုံနိုင်စေရန် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)