MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားကြရန်၊ဌာနပိုင်မော်တော်ယာဥ်များအားမတ်လအပြီးတွင် ဖောင်းကြွနံပါတ်ပြားများ တပ်ဆင်ထားရန်၊ NGO/ INGO များအနေဖြင့် ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ၏ ခွင့်ပြုချက်ဖြင့် ခွင့်ပြုချက်ကျလာသည့် အဖွဲ့အစည်းများသည် မိမိတို့မြို့နယ်အတွင်း လုပ်ငန်းများ လာရောက်ဆောင်ရွက်ပါက ဌာနဆိုင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်မည့် အကြောင်းအရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ် ပေးပို့ အကြောင်းကြားပေးရန်၊မြို့မရပ်ကွက်အတွင်းရှိသုဿန်မြေအား ရဟိုင်ကူးတို့ ကျေးရွာအုပ်စု၊ ကျောက်ကြီးကျေးရွာသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြောင်းရွှေ့ဆောင်ရွက်သွားနိုင်ရေးအတွက် ကော်မတီများ၊ဆပ်ကော်မတီများဖွဲ့စည်း၍ ဘဏ္ဍာငွေများရှာဖွေရာတွင် ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ မြေပြလူဦးရေစာရင်း ကောက်ခံရရှိရေးနှင့် ပတ်သက်၍ software သွင်းနိုင်ရေး နှင့် စာရင်းဇယားများ မှန်ကန်တိကျစွာဖြင့် စနစ်တကျ ဆောင်ရွက်သွားကြရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ့်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများ အနေဖြင့် ၁၀၀%ကာကွယ်ဆေး ထိုးနှံ ပြီးစီးပြီဖြစ်ကြောင်း၊ ကျိန္တလီနံ့သာကျွန်းတွင်တိုက်ပွဲဝင်အသင့်ရှိစေရေးအတွက်အမြှောက်လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းကိုဖေဖော်ဝါရီလ၁၆၊၁၇၊၁၉၊၂၀ရက်နေ့များတွင်ဆောင်ရွက်ရန်ရှိခြင်းကြောင့်ယင်း၏၁၀မိုင်အတွင်းလှေ၊သင်္ဘော၊စက်လှေနှင့် ပြည်သူများသွားလာခြင်းမပြုကြပါရန်အသိပေးဆောင်ရွက်သွားကြရန် ၊ဂွမြို့နယ်အနေဖြင့် မဲရုံပေါင်း ၁၃၆ရုံသတ်မှတ်ပြီးဖြစ်သည့်အတွက် မဲရုံတွင် ဆောင်ရွက်သွားမည့်အဖွဲ့များ ဖွဲ့စည်းသွားနိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိမိတို့ လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးရွာများမှ ဆောင်ရွက်ချက် တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment