ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဆင်းပွဲပြုလုပ်





MNP  -  ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌  လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့် ပြင်ပ ပုဂ္ဂိုလ် များ၏ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဆင်းပွဲကို  ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက အ.ထ.က(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး  ဦးအောင်မြင့်သိန်းက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်း နှင့် ပတ်သတ်၍ ရှင်း လင်း ပြောကြားပြီး  သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များ ၊ သိသင့်သိထိုက်သင့် အကြောင်းအရာများ ၊ နည်းပြ များက ပို့ချပေးလိုက်သည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သားပြီးမိမိတို့ တာဝန်ကျသည့် ကျောင်း များသို့ ရောက်ရှိသောအခါ မိမိတို့မြို့နယ် နှင့် ကျောင်းအား ပညာရေး မြှင့်မားတိုး တက်အောင်  တစ်  ဖက် တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ 


ထို့နောက် နည်းပြဆရာကြီး /ဆရာမကြီး များက တစ်ဦးချင်း  လမ်းညွန်အမှာစကားများပြောကြားပြီး သင်တန်းသားများကိုယ်စား ဆရာ၊ ဆရာမ တစ်ဦးစီက  ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ မြို့နယ်အတွင်း အခြေခံပညာ လက် ထောက် မူလတန်းပြ အသစ် ခန့်အပ်မည့်  ဆရာ၊ဆရာမ ၅၀ ဦးအား ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ  သင် ကြား ပို့ချ ပေးခဲ့ကြောင်း သိရသည်။ 


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)