မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော၂၀၂၃ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော၂၀၂၃ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း



MNP   -  ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၇၃လမ်း၊ ၁၀၂ (A)x ၁၀၇ လမ်းကြား၊ Ocean Center ဝန်းအတွင်းရှိ ပရိုမိုးရှင်းဧရိယာတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော ၂၀၂၃ ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်၈နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ဈေးရောင်းပွဲတော်ဖွင့်ပွဲကို စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့်  New Starlight ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့ကြသည်။ ဆက်လက်ပြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(MRCCI)ဥက္ကဋ္ဌ ဦးဝင်းဌေးမှ ၂၀၂၃ခုနှစ် နှစ်သစ်ကူးစျေးရောင်းပွဲတော် ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရှိရသည်။အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr CHEN CHEN(ခ) ဦးခင်စိန်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဂုဏ်ထူးဆောင်နာယက ဦးအောင်ဝင်းခိုင်၊ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့်အသင်းအဖွဲ့ဝင်များ၊ New Starlight ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ဖိတ်ကြားထားသောသူများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများမှ စျေးရောင်းပွဲတော်အတွင်း ခင်းကျင်းပြသထားသည်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။အဆိုပါစျေးရောင်းပွဲတော်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့မှ ၁၉ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။


ခင်စိမ်း၀င်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)