MNP - ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ရာ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်လူရွယ်များအနေဖြင့် ထာဝစဥ် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည့် ပြည်ထောင်စုနေ့ အကြောင်းအသိ ပညာပေးခြင်းနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်း စသည့်အသိပညာပေးလုပ်ငန်းများအား ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူရေးရာမှ မြို့နယ်တာဝန်ခံဒေါ်မာမာလေးက ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီသည့် ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အသိပညာပေး ဆွေးနွေးခဲ့သည်။ထို့နောက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြသခဲ့ရာကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment