လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း အမှတ်စဉ် (၃)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း အမှတ်စဉ် (၃)ကျင်းပ


MNP   -    ဖေဖော်ဝါရီ ၁၇

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP)သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၃)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှုသာမက နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်ပါ သက်ဆိုင်နေသဖြင့် ဝန်ထမ်းများအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးပေါင်းစည်းဆောင်ရွက်နေမှု၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုအခြေနေများအပြင် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးနှင့် ဆက်စပ်သည့် ကုန်သွယ်မှုအခြေအနေများကိုပါ သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအား ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုစနစ်အဆင့်ဆင့် ပြောင်းလဲလာမှုနှင့် နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်အခြေအနေတို့ကို သိရှိနားလည်ပြီးလုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးပြုနိုင်ခြင်းဖြင့် အသုံးပြုတတ်လျှင် အသုံးပြုတတ်သလောက်အကျိုးရှိနိုင်မည့် ခေါင်းစဉ်များကိုရွေးချယ်၍ အပတ်စဉ်အသိပညာမျှဝေ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရင်းနှီးမြှုပ်နှံမှုဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသော လွတ်လပ်သည့် ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ် ၁၇ ခုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များတွင် ဖြစ်ပေါ်တတ်သော လွတ်လပ်သောကုန်သွယ်မှု (Free Trade) နှင့် မျှတသောကုန်သွယ်မှု (Fair Trade) ဆိုင်ရာ အကြောင်းအရာကို ဆွေးနွေးသည်။


ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ အရာထမ်း/ အမှုထမ်းများ Online အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက်ကြသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)