ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းဇော် အ-ထ-က အုန်းချောင်းအတွင်းဖြေ၊ အပြင်ဖြေ စနစ်ဟောင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းဇော် အ-ထ-က အုန်းချောင်းအတွင်းဖြေ၊ အပြင်ဖြေ စနစ်ဟောင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ အ-ထ-က အုန်းချောင်းစာသင်ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ပုသိမ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းဇော်မှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါတွေ့ဆုံဟောပြောပွဲတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွင်းဖြေ၊ အပြင်ဖြေ စနစ်ဟောင်းကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များကို ဟောပြောပို့ချပေးသည်။


အဆိုပါတွေ့ဆုံဟောပြောပွဲသို့ ရွှေသောင်ယံမြို့ရှိ ဌာနဆိုင်ရာများ၊ အ-ထ-က အုန်းချောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)