သံတွဲမြို့နယ်၌ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်၌ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး



MNP   -    ဖေဖေါ်ဝါရီ   ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်၊  တာဝန်ခံအင်ဂျင်နီယာ ဒေါ်ပန်းအိစံ နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်  ၁၁နာရီက  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (MKY)ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ကျေးလက်ရေပေးဝေရေးလုပ်ငန်း(၄)ခုဖြစ်သည့်သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ( ၆’ Ø ၂၅’)လက်တူတွင်း ၂ တွင်းတူးဖေါ်ခြင်းလုပ်ငန်း၊ နတ်မော်ကျေးရွာ အုပ်စု၊ အောက်သဗြုချိုင်ကျေးရွာတွင် ( ၆’ Ø၂၅’)လက်တူးတွင်း ၁ တွင်း ၊ အထက်သဗြုချိုင် ကျေးရွာတွင် ( ၆’ Ø ၂၅’)လက်တူးတွင်း ၁ တွင်း ၊ ဘိုးဝကုန်းကျေးရွာအုပ်စု ၊ ကြိုးကြာကျေးရွာတွင် (၆’Ø၂၅’) လက်တူးတွင်း ၁ တွင်းတူးဖေါ်ခြင်းလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းဖြင့် ဆောင်ရွက်နေသည့် အုန်းမော်ကျေးရွာရှိ သုဿာန်ဇရပ် တည်ဆောက်ခြင်းလုပ်ငန်း၊ ရွှေလှေကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာတွင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ( ၈၅၀’x ၁၂’ x ၆”) ၊ Box Culvert ( ၅’x ၁၂’ x ၃’) ၃ စင်း တည်ဆောင်ခြင်းလုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးပြီး အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး  ၊သတ်မှတ်ချိန်အမီပြီးစီးအောင်ဆောင်ရွက်အောင် ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး    လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)