မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ တက်ရောက်


MNP  -   ဖေဖော်ဝါရီ ၂၂

ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်စေရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးငယ်များအား  နိုင်ငံ‌တော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေး စီရင်၍ ပြစ်မှုကျူးလွန်းသော ကလေးသူငယ်၏ အကျင့်စာရိတ္တ ပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ကလေးသူငယ်များဟာ ကျွန်တော်တို့နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဟာ အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ မုံရွာခရိုင်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေး အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ သက်ငယ်မုဒိမ်းမှု လျှော့ချရေးလုပ်ငန်းများအား အသိပညာပေးဆောင်ရွက်ရာတွင် လက်တွဲညီညာ ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်  တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ  တာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာတို့နှင့် စပ်လျဥ်းသော စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းစသည့် သိကောင်းစရာဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက သိရှိလိုသည့် မေးမြန်းမှုများအပေါ်  တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးပြန်လည်ဖြေကြားပေးခဲ့ပြီး  အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)