မအီမြို့တွင် ဒေသထွက် ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ဒေသထွက် ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိ






MNP  -   ဖေဖော်ဝါရီ    ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ရေငံပိုင်းကျေးရွာများရှိ ဒေသခံများမှာ တစ်နိုင်တစ်ပိုင် ဒေသထွက် ဓနိဖက်ထိုးခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။


မအီမြို့နယ်တွင် ဓနိဖက်ထိုးခြင်းလုပ်ငန်းကို မိုးစပါးရိတ်သိမ်းပြီးချိန် ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ဓနိခုတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ပြီး ၎င်းးဓနိဖက်များကို စည်းနှောင်၍ ရေငံထဲတွင် ၃ ပတ်ခန့်အကြာ ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးသား ဓနိစည်းများကို ဖော်ယူ၍ ဓနိဖက်ထိုးရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဓနိဖက်များကို မိုးရာသီကာလတွင် ဝါးဓနိနှင့် ဆောက်လုပ်သည့် နေအိမ်များ၊ တောင်ယာတဲများ၊ အမိုးအကာနှင့် စိုက်ပျိုးမွေးမြူရေးခြံများ ပြုလုပ် ဆောင်ရွက်နိုင်ရန်အတွက် ဓနိဖက်ထိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဓနိလုပ်ငန်းရှင်များက သိရသည်။ ရေငံစိမ်ပြီးသား ဓနိစည်းများကို အရိပ်ထဲကိုယူဆောင်ပြီူ သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့၍ ဓနိဖက်ထိုးရခြင်းမှာ စကားစမြည်ပြောရင်း ပျော်စရာလည်းကောင်း အပိုဝင်ငွေလည်းရရှိပါကြောင်း၊ အလျား ၃ တောင်ရှိတဲ့ ဓနိဖက်အချပ်ရေ ၁၀၀ ထိုးပြီးလျှင် ထိုးခအနေဖြင့် ၃၅၀၀ ကျပ်ရရှိကြောင်း၊ တစ်ရက်လျှင် ဓနိဖက်အချပ်ရေ ၁၀၀ မှ ၁၂၀ အကြားတွင် ပြီးစီးပါကြောင်း၊ ထိုးပြီးသား ဓနိချပ်များကို တစ်ပတ်ခန့် နေလှန်းထားရှိပြီးမှ ရေတွက်၍ အသင့်အသုံးပြုရန် အထပ်လိုက် သပ်ရပ်စွာ စီထားရပါကြောင်း၊ ယခင်နှစ်က ဓနိအချပ် ၁၀၀ လျှင် ၁၀၀၀၀ ကျပ်သာ ရရှိသော်လည်း ယခုနှစ်တွင် ၁၅၀၀၀ ကျပ်အထိ ရောင်းချရပါကြောင်းတို့ကို မအီမြို့၊ အမှတ်(၃)ရပ်ကွက်မှ ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်နေသူ မဌေးဌေးလှိုင်က ပြောကြားခဲ့သည်။


ဖော်ပြပါ ဓနိဖက်များကို မအီမြို့ပေါ်နှင့် ပတ်ဝန်းကျင်ရှိ တောင်ကုတ်မြို့၊ အမ်းမြို့များသို့ တင်ပို့ရောင်းချကြပြီး ယခုအချိန်တွင် ဒေသထွက် ဓနိလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည့်  ဓနိခုတ်သူများ၊ ဓနိထိုးသူများမှာ မိမိတို့အားစိုက်လုပ်ကိုင်သလောက် မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)