MNP - ဖေဖော်ဝါရီ ၂၅
တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့်တွက်ခြေကိုက်နေသော မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများ ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း ရွာသစ်ကုန်းကျေးရွာ ပြောင်း ဖူးစိုက်ပျိုးတောင်သူ ဦးအေးကိုထံက သိရသည်။
အဆိုပါပြောင်းဖူးစိုက်ပျိုးကြသည့် ကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံကားလမ်းမ ကြီးလမ်းဘေးဝဲယာ (ဧရာဝတီတံတား-ပခုက္ကူ)တောင်ဘက်ခြမ်းတွင်တည်ရှိကာ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေလုပ်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းလုပ်ငန်းအား တစ်နှစ်ပတ်လုံးလုပ်ကိုင်ကြကြောင်း သိရသည်။ ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း သကြားပြောင်းဖူး၊ အစီး(အစေး)ပြောင်းဖူးနှစ်မျိုးအဓိကထား စိုက်ပျိုးကြကာ ကြက်တမော့(ဒေသအခေါ်) ပြောင်းဖူးလည်းရံဖန်ရံခါစိုက်ပျိုးကြပြီး၊ အချို့ပြောင်းဖူးစိုက်တောင်သူများ လက်ပံခြေပေါ်မြစ်ရေတင်ဖြင့်စိုက်ပျိုးခြင်း၊ တောင်သူအများစု မြေအောက်ရေတူးဖော်စိုက်ပျိုး ကြကြောင်းသိရသည်။ ထွက်ရှိလာသည့်ပြောင်းဖူးများအား ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ညောင်ဦး၊ မြင်း ခြံမြို့များမှ ပြောင်းဖူးပွဲစားများ ပြောင်းဖူးအခင်းများအထိ လာရောက်ဝယ်ယူကြကြောင်းသိရပြီး တစ်ခေါက်ဝယ်လျှင် ပြောင်းဖူးနှစ်သောင်းမှ သုံးသောင်းထိ ဝယ်ယူလေ့ရှိကာ လာရောက်ဝယ်ယူသည့်ကား တစ်စီးအပြည့်ဝယ်ယူလေ့ရှိကြောင်း ပြောင်းဖူးပွဲစား ဦးဝင်တင်က ရှင်းပြသည်။
မိုးရာသီပြောင်းဖူးစိုက်ပျိုးလျှင် ရက်ပေါင်း(၉၀)မှသာ ပြောင်းဖူးရရှိပြီး၊ နွေရာသီတွင်ရက်ပေါင်း (၇၅)ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်းသိရကာတစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးကြကြောင်း ပေါ်သမျှ၊ ထွက်သမျှပြောင်းဖူးများ ရောင်းချရခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် ပြောင်းဖူးပြီးပြောင်းဖူးစိုက်ပျိုးနေကြကာ ပြောင်းဖူးတစ်ဖူးဈေးနှုန်း နှစ်ရာငါးဆယ်ကျပ်ဖြင့် ရောင်းချနေရပြီး ဆယ်ဖူးဈေး၊ ရာဖူးဈေးတစ်မျိုးခြင်း လက်လီလက်ကားရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုးရောင်းချ သူများဝင်ငွေကောင်းတွက် ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment