ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၁)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၃၁၆) ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၁)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၃၁၆) ဦး ဝင်ရောက်ဖြေဆိုမည်


MNP  -  ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၁၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဟိုပုံးမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း အ.ထ.က(၁) စာစစ်ဌာနတွင် ကျောင်းတွင်း ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် ကျောင်း သား၊ ကျောင်းသူ (၂၇၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁၆) ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။


ဟိုပုံးမြို့နယ်တွင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၄)ခု သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူ (၁၁၆၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅၇၅) ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာနှုန်းမှာ ၅၀.၉၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)