ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ


MNP  -   ဖေဖော်ဝါရီ ၁၇

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ Hybrid Meeting ဖြင့် ကျင်းပသည်။


အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ တိုင်းဒေသကြီး/ ပြည်နယ်ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ခေါင်းဆောင်က တိုင်းဒေသကြီး/ပြည်နယ်များရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများအပါအဝင် ကုမ္ပဏီ/ လုပ်ငန်းစုစုပေါင်း ၅၉၉၀ အတွက် ချေးငွေပမာဏ ငွေကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလီ ယံ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခု အတွက် ချေးငွေပမာဏငွေကျပ် ၇ ဒသမ ၆၃ ဘီလီယံအား ချေးငွေထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထုတ်ပေးထားသည့် ချေးငွေများကို စိစစ်ကြီးကြပ်ဆောင်ရွက်ရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေရှိမှုတို့ကိုသာမက ချေးငွေထုတ်ပေးထားသည့်လုပ်ငန်းများ၏ အောင်မြင်မှုနှင့် လုပ်ငန်းလည်ပတ်နိုင်မှုအခြေအနေကို စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း (Monitoring and Evaluation Process) ဆောင်ရွက်နိုင်ရေးအတွက် Success Story စစ်တမ်းကောက်ယူရန်ကိစ္စရပ်များကို ဆွေးနွေးသည်။


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ချေးငွေနှင့် အတိုးကောက်ခံရရှိမှုအခြေအနေ၊ ချေးငွေထုတ်ယူထားသောလုပ်ငန်းများမှ ပြန်လည်ပေးဆပ်လျက်ရှိသည့်အခြေအနေ၊ Success Story စစ်တမ်းကောက်ယူရန် ပူးပေါင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)