ဂွမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ ချစ်ကြည်ရေး ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ ချစ်ကြည်ရေး ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ






MNP   -   ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ  ချစ်ကြည်ရေး(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါဘောလုံးပြိုင်ပွဲကို ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့မှ ၂၀၂၃-ခုနှစ်  ဖေဖော်ဝါရီလ(၅)ရက်နေ့အထိ  စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် ပြိုင်ပွဲဝင်အသင်း(၆)သင်းက ယှဥ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုရရှိသည့် ပညာရေးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဆုကြေးငွေ၊ဆုတံဆိပ်နှင့်လည်ဆွဲတံဆိပ်တို့အားလည်းကောင်း၊ ဒုတိယဆုရရှိသည့်(Idols)အသင်းအားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ဆုကြေးငွေအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင် ဗိုလ်မှူးသန့်ဇင်အောင်က  ဆုတံဆိပ် နှင့် လည်ဆွဲတံဆိပ် တို့အားလည်းကောင်း၊ တတိယဆုရရှိသည့်စိုက်ပျိုးရေး အသင်း၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆုနှင့်ဂိုးသမား အကောင်းဆုံးဆုများကို တာဝန်ရှိသူအသီးသီးမှလည်းကောင်း ဆုတံဆိပ်နှင့် လည်ဆွဲတံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း  သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)