ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး



MNP   -   ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို အထက(ပေါင်)ကျောင်း ရွှေရတုခန်းမ၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ပေါင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၇)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၈)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အတွဲ(၁) ဝင်ရောက်ဖြေဆိုသူ(၂၈၂)ဦး၊ အတွဲ(၂) ဝင်ရောက်ဖြေဆိုသူ(၂၂)ဦး၊ အတွဲ(၇) ဝင်ရောက်ဖြေဆိုသူ(၁၀၉)ဦး စုစုပေါင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူပေါင်း (၄၁၃)ဦးရှိပြီး ဖြေဆိုသူအားလုံး ‌အထက‌(ပေါင်) စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သူ (၉၆၅)ဦးရှိပြီး (၄၇၄)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)