မုံးကိုးမြို့ အသက်(၁)လမှအသက်(၁)နှစ်အထိ ကလေးငယ်များအားကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံးကိုးမြို့ အသက်(၁)လမှအသက်(၁)နှစ်အထိ ကလေးငယ်များအားကာကွယ်ဆေးထိုးနှံပေး




MNP  -  ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်  ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီးထွားလာစေရန် အသက်(၁)လမှ အသက် (၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံး၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း  သိရသည်။       


ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းသည် ကလေးငယ်များကျန်မားသန်စွမ်းသော ကလေးငယ်များဖြစ်လာစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆရာဝန်ကြီး ဒေါက်တာဒီးအောင်က ကာကွယ်ဆေးထိုးကြမည့် ကလေးသူငယ်များအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်စင်စေခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း (၅၀) ဦး တို့အား ကလေးကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


မေစံပယ်ဖူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)