စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် ဝန်ဆောင်မှုစမ်းသပ် ဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် ဝန်ဆောင်မှုစမ်းသပ် ဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကြည့်ရှုစစ်ဆေး

 




MNP  -   ဖေဖော်ဝါရီ   ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် ပုဂ္ဂလိက အမှိုက်သိမ်း စနစ်ဝန်ဆောင်မှုစမ်းသပ် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်၌ တက်လမ်းပုဂ္ဂလိက အမှိုက်သိမ်းဝန်ဆောင်မှုမှ လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက စစ်တွေမြို့နယ်အတွင်း စည်ပင်သာယာ ရေးအဖွဲ့မှ နေ့၊ ညအမှိုက်သိမ်းကားများဖြင့် အမှိုက်သိမ်းဆည်းနေမှု၊ ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် တက်လမ်းအဖွဲ့မှ အမှိုက်သိမ်းဆည်းနေမှုအားလည်းကောင်း၊ စစ်တွေမြို့ပေါ် ရပ်ကွက် (၁၀) ရပ်ကွက်တွင် အမှိုက်သိမ်းဝန်ဆောင်မှုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်၍ စမ်းသပ်ဆောင်ရွက်နေမှု အခြေအနေတို့ကို တက်လမ်းပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းတင်ပြချက်အပေါ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။


၎င်းနောက်တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက် သိမ်းစနစ်ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး အသိပေးဆောင်ရွက်ကြရန်၊ ငွေကြေးကောက်ခံရာတွင်လည်း ပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသောအချိန်အတွင်း ဝန်ဆောင်မှုအပြည့်အဝပေးနိုင်အောင် ဆောင်ရွက်ကြရန်နှင့် ကောက်ယူသိမ်းဆည်းသော အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်နိုင်ရေး ကြပ်မတ်ပေးကြရန်လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရပ်ကွက်နေပြည်သူများအား ပုဂ္ဂလိက အမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပုဂ္ဂလိကအမှိုက်သိမ်းဝန် ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု၏ အခြေအနေများကို ဆွေးနွေးမေးမြန်းကာ အမှိုက်သိမ်းကား များဖြင့် ဝန်ဆောင်မှုပေးနေခြင်းကို လှည့်လည်ကြည့်ရှုစ်စဆေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်တွင် စည်ပင်သာယာ ရေးအဖွဲ့မှ အမှိုက်သိမ်းကားများဖြင့် ရပ်ကွက်အတွင်း အမှိုက်သိမ်းဆည်းနေမှုတို့ကို လှည့်လည်ကြည့်ရှုစ်စဆေး ခဲ့ကြောင်းသိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)