MNP - ဖေဖော်ဝါရီ ၂၂
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ခရိုင်မီးသတ်ဦးစီးမှူးဦးစိန်ခိုင်က မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့ပြသပြီး တက်ရောက်လာသူများအား လက်တွေ့မီးငြိမ်းသတ်ခြင်းကို ပါဝင်ဆောင်ရွက်စေခဲ့ပါသည်။ ထို့နောက် Gas အိုးအသုံးပြုစဉ် မီးမတော်တဆဖြစ်ခြင်း၊ ဆီမီးလောင်ခြင်းတို့ဖြစ်ပွားပါက မီးငြိမ်းသတ်နည်းကိုလည်းကောင်း၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်နည်းကို လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ပြသပြီး မီးသတ်ကားဖြင့် မီးငြိမ်းသတ်ခြင်းစွမ်းရည်ကို ပြသခဲ့ကြသည်။ ယင်းနောက် လက်တွေ့သရုပ်ပြသသွားသည့် မီးသတ်တပ်ဖွဲ့အားဥက္ကဋ္ဌ ဦးညီနပ်က ဂုဏ်ပြုငွေ(၁၀)သိန်းပေးအပ်ချီးမြှင့်ခဲ့ပါသည်။
မီးသတ်တပ်ဖွဲ့အနေဖြင့် ပွင့်လင်းရာသီကာလတွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနိုးဆော်ခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment