ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြာပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြာပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို (၃၁-၁-၂၀၂၃) ရက်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်ဆိုင်ရာထိခိုက်မှုများ၊ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးစံမင်းက လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မပြည့်ဆန်ဆာလုပ်ခိုင်းစေခြင်းများ၊ အခြားကာမဆိုင်ရာကိစ္စတစ်မျိုးမျိုး ပြုလုပ်စေခြင်း၊ ကလေးသူငယ်နှင့်လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း စသည့် ပြစ်မှု၊ ပြစ်ဒဏ်များ ဆောင်ရန်၊ ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအားပြောကြားကာ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုအခြေအနေများအား ရှင်း လင်းပြောကြားခဲ့သည်။ ယင်းနောက် မောင်တောမြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့စုမှ ရဲအုပ်သန့်ဇင်လင်းက ယာဉ်/ လမ်းစည်းကမ်းများနှင့်ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား အကျယ်တဝင့် အသိပညာပေးဟောပြောပေးခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးစံမင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့စုမှ ရဲအုပ်သန့်ဇင်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၉၀)ခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)