အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းဆောင်ဆောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းဆောင်ဆောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP    -     ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အ.ထ.ကညောင်ခြေထောက်၌  မြို့နယ်ပညာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုကို ယခုလ ၁၅ ရက် ညနေပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်မှာကြားချက်များအရ အခြေခံပညာအထက်တန်းကျောင်းများ၌ အလယ်တန်းအဆင့် (Grade-9)ပြီးမြောက် အောင်မြင်သော ကျောင်းသား ကျောင်းသူများအတွက် အသက်မွေးပညာရပ်များဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ ကျောင်းဆောင်ဆောက်လုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်က ပြောသည်။ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းကို မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီက ဆောက်လုပ်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အချိန်မီပြီးစီးနိုင်ရေး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းသည် အလျား ၁၁၈ပေ၊ အနံ ၉၆ပေ အာရ်စီတစ်ထပ်အမျိုးအစားဖြစ်ပြီး ဆောက်လုပ်မှု ၇၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၅၁ဒသမ၇၉၂သန်းဖြင့်” မြရွှေကောင်း” ကုမ္ပဏီမှတာဝန်ယူဆောက်လုပ်ပေးနေကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)