ပြည်မြို့၌ လက်ထောက်မူလတန်းပြ ရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ လက်ထောက်မူလတန်းပြ ရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP  -    ဖေဖော်ဝါရီ   ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ အသစ်ခန့်အပ်မည့်လက်ထောက်မူလတန်းပြများအတွက် ရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ရှေးဦးစွာပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းဦးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းပညာရေးမှူးဆရာကြီးဦးတင်ယုက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို ပြည်မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ(၉၉)ဦးတက်ရောက်ကြပြီး သင်တန်းဆရာ၊ ဆရာမ ၁၅ ဦးက ကာယဘာသာရပ်၊ KG မှ Grade-5 ထိ သင်ရိုးဝင်ဘာသာရပ်အားလုံးနှင့် ဝန်ထမ်းကျင့်ဝတ် ကျောင်းလုပ်ငန်းစီမံခန့်ခွဲ့မှုဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖေဖော်ဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ (၅)ရက်တိုင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ခရိုင်နှင့် မြို့နယ်အဆင်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။


ကိုစိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)