နမ့်စန်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့်ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့်ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ



MNP   -    ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့်ကဗျာရွတ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ Community Centre တွင် ကျင်းပခဲ့ကြောင်းသိရသည်။


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့်ဆောင်းပါး၊ အလယ်တန်းအဆင့်စာစီစာကုံး၊ မူလတန်းအဆင့်ကဗျာ ရွတ်ပြိုင်ပွဲနှင့်ထက်၊ လယ်၊ မူအဆင့် ပန်းချီပြိုင်ပွဲတို့ကို နံနက် ၉ နာရီမှနေ့လည်၁၂နာရီအထိကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း(၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများက ပြိုင်ပွဲများကိုစနစ်တကျ ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြသည်။


ဆက်လက်၍ နေ့လယ် ၂နာရီတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဥမ္မာအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဥမ္မာအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူးဦးအေးချမ်းနိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့်မြို့နယ် Book Club အဖွဲ့မှ အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများက ဆုတံဆိပ်နှင့်ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သူရအောင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)