စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်


MNP  -   ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် စာပေဝါသနာပါသူများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် “ရေကြည်ချမ်းမြ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် “ရေကြည်ချမ်းမြ” စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားပြီး သားတို့ရုပ်ရည် သီဒါမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းဆိုသလို မိဘတိုင်းသည် သားသမီးများအပေါ်ထားရှိသည့် မိဘမေတ္တာကြီးမားပုံကို ဖော်ကျူးဖွဲ့ဆို ရေးသားထားသည့် စာအုပ်ဖြစ်၍  လူတိုင်းဖတ်သင့်သည့် စာအုပ်ဖြစ်ကြောင်း ဆွေးနွေးသည်။


ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စမ်းချောင်းမြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များဖြစ်ကြသည့် ဦးအောင်းဝင်း၊ မနန်းမူနှင့် တက်ရောက်လာကြသည့် စာပေဝါသနာပါသူများက စာရေးဆရာမဒေါက်တာမတင်ဝင်း ရေးသားသည့် “ရေကြည်ချမ်းမြ” စာအုပ်ပါသမီးကို မွေးတုန်းက၊ ဖေဖေပြောတဲ့သမီးပုံပြင်၊ ကျေးဇူးတင်လိုက်တာ မေမေရယ်၊သမီးအတွက် ဖေဖေက ကျေးဇူးပိုကြီးတဲ့သူ စသည့် ခေါင်းစဉ်ခွဲများအလိုက် အသီးသီးဆွေးနွေးကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးအစီအစဉ်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နီလာစိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)