ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်



MNP   -    ဖေဖော်ဝါရီ  ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျေးရွာ(၁၀)ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက မင်းကွန်းကျေးရွာအုပ်စု၊ ရွာလှကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ကျေးလက်လမ်းဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်‌နေဂျာ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သက်တမ်းတိုစပါးများ စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြရာ ဒေသခံတောင်သူ (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကြာနီကန်ရပ်ကွက်၊ ကြို့ကုန်းကျေးရွာအုပ်စုနှင့် မင်းကွန်းကျေးရွာအုပ်စုတို့ရှိ နတ်မှော်မြစ်ရေတင်ဖြင့် မြောင်းလက်တံများအလိုက် နွေစပါးစိုက်ပျိုးရေပေးဝေမှု၊ ရေဝင်ရောက်ရှိမှုအခြေအနေများ၊ မြေပြင်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် သက်တမ်းတိုစပါးများစိုက်ပျိုးနိုင်ရေးတို့အား သက်ဆိုင်ရာတောင်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)