ပရီးမီးယားလိပ်ပွဲစဉ် ၂၄ ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၄ ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဖေဖော်ဝါရီ  ၁၈


ပရီးမီးယားလိပ်ပွဲစဉ် ၂၄အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ အစောဆုံးသောပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ရဲ့ ပွဲစဉ်ရှိတာ ဖြစ်ပါတယ်။


အက်စတွန်ဗီလာ - အာဆင်နယ် (ယနေ့ည ၇:၀၀)

အက်စတွန်ဗီလာအသင်းနှင့် အာဆင်နယ်အသင်းတို့ဟာ အက်စတွန်ဗီလာအိမ်ကွင်း ဗီလာပေါ့တ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဗီလာဟာ ကစားရခက်တဲ့ အသင်းမျိုးပေမယ့် အမှတ်လိုနေတဲ့ ဧည့်သည်အာဆင်နယ်ကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ်မယ်။ (ခန့်မှန်းရလဒ် ၁ - ၂)


ဘရန်းဖို့ဒ် - ခရစ္စတယ်ပဲလေ့စ် (ယနေ့ည ၉:၃၀)

ဘရန်းဖို့ဒ်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ ဘရန်းဖို့ဒ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ကစားရခက်တဲ့အသင်းတွေဖြစ်ပြီး ခြေစွမ်းပိုင်း သိပ်ပြီး ကွာဟလေ့မရှိတာကြောင့် ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်ပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၁ - ၁)


ဘရိုက်တန် - ဖူဟမ်  (ယနေ့ည ၉:၃၀)

ဘရိုက်တန်အသင်းနှင့် ဖူဟမ်အသင်းတို့ဟာ ဘရိုက်တန်အိမ်ကွင်း အမေရိကန်အိပ်စ်ပရက်စ်ကွန်မြူနတီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖူဟမ်အသင်းဟာ ကစားပုံကောင်းမွန်တဲ့ အသင်းမျိုးဖြစ်ပေမယ့် အိမ်ရှင်ဘရိုက်တန်ကို ယှဉ်ကစားဖို့ ဖဖြစ်နိုင်ပါဘူး။ (ခန့်မှန်းရလဒ် ၃ - ၁)


ချဲလ်ဆီး - ဆောက်သမ်တန် (ယနေ့ည ၉:၃၀)

ချဲလ်ဆီးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ ချဲလ်ဆီးအသင်းအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ လက်ရှိမှာရုန်းကန်နေရပေမယ့် ဆောက်သမ်တန်ကလည်း ထင်သလာက် မကောင်းတာကြောင့် အိမ်ရှင်ချဲလ်ဆီးတို့ကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၁ - ဝ)


အဲဗာတန် - လိဒ် (ယနေ့ည ၉:၃၀)

အဲဗာတန်အသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ဟာ အဲဗာတန်အသင်းအိမ်ကွင်း ဂွတ်ဒီဆင်ပေါ့တ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ ခြေရည်တူအသင်းတွေဖြစ်ပြီး အမှတ်လည်းလိုနေကြတာကြောင့် ဂိုးများပြီး သရေရလဒ်သာ ထွက်ပေါ်သွားပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၂ - ၂)


နော်တင်ဟမ်ဖောရက်စ် - မန်စီးတီး (ယနေ့ည ၉:၃၀)

နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ဟာ နော်တင်ဟမ်ဖောရက်စ်အသင်း အိမ်ကွင်း စီးတီးဂရောင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လက်ရှိ နိုင်ပွဲတွေရယူလာနိုင်ပြီး လိုအပ်တဲ့အမှတ်တွေ စုဆောင်းနိုင်ခဲ့ပေမယ့် မန်စီးတီးကို ရပ်တန့်ဖို့မဖြစ်နိုင်တာကြောင့် ဧည့်သည်မန်စီးတီးကဘဲ ဂိုးပြတ်နိုင်ပွဲ ရယူသွားပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၁ - ၄)


ဝုဖ် - ဘုန်းလ်မောက်  (ယနေ့ည ၉:၃၀)

ဝူဗာဟမ်တန်အသင်းနှင့် ဘုန်းလ်မောက်အသင်းတို့ဟာ ဝုဖ်အိမ်ကွင်း မော်လင်မြူးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ ခြေရည်တူအသင်းတွေဖြစ်ပြီး အမှတ်လည်းလိုနေကြတာကြောင့် ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်သွားပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၁ - ၁)


နယူးကာဆယ် - လီဗာပူးလ် (ယနေ့ည ၁၂:၀၀)

နယူးကာဆယ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ဟာ နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းပေါ့တ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နယူးကာဆယ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး လီဗာပူးလ်တို့ကလည်း လက်ရှိရာသီ အတော်လေးရုန်းကန်နေရတာကြောင့် ဂိုးများပြီး သရေရလဒ် ထွက်ပေါ်ပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၂ - ၂)


မန်ယူ - လက်စတာ  (မနက်ဖြန်ည ၈:၃၀)

မန်ချက်စတာယူနိုက်တက်အသင်းနှင့် လက်စတာစီးတီးအသင်းတို့ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။မန်ယူဟာ လက်ရှိခြေစွမ်းပိုင်း အတော်လေးကောင်းမွန်နေပြီး လက်စတာတို့ကလည်း ထင်သလောက်မာကျောမှုမရှိတာကြောင့် အိမ်ရှင်သရဲနီတို့ကဘဲ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၃ - ၁)


စပါး - ဝက်စ်ဟမ်း   (မနက်ဖြန်ည ၁၁:၀၀)

တော်တင်ဟမ်ဟော့စပါးအသင်းနှင့် ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ဟာ စပါးအသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဝက်စ်ဟမ်းဟာ အနည်းငယ်ရုန်းကန်နေရပြီး စပါးအိမ်ကွင်းလည်း ဖြစ်တာကြောင့် အိမ်ရှင်စပါးတို့ကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ၁- ဝ)


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)