မန်တုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး “သတိပြုရန် မိတ်ဆွေ” အသိပညာပေး ဗွီနိုင်းချိတ်ဆွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်တုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး “သတိပြုရန် မိတ်ဆွေ” အသိပညာပေး ဗွီနိုင်းချိတ်ဆွဲ


MNP  -   ဖေဖော်ဝါရီ ၂၂ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ “သတိပြုရန် မိတ်ဆွေ” အသိပညာပေး ဗွီနိုင်းများချိတ်ဆွဲခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဗွီနိုင်တွင် စက်သုံးဆီအရောင်းဆိုင်များမှ ဆီဖြည့်နေစဉ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေး လိုက်နာရန်အချက်များဖြစ်သည့် မီးခြစ်အသုံးမပြုရ၊ စက်မနှိုးရ၊ ဆေးလိပ်မသောက်ရ၊ ဆဲလ်ဖုန်းအသုံးမပြုရ စသည့်အချက်များ ပါဝင်သည့် ဗွီနိုင်းများကို မြို့ပေါ်နှင့်နီးစပ်ရာ ကျေးရွာများရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းဦးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်များအား ရှင်းလင်းဟောပြောခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံများထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပြီး “သတိပြုရန် မိတ်ဆွေ” ဗွီနိုင်းများ ချိတ်ဆွဲပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)