ကျောက်တန်းမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (အ.မ.က)ရွှေကုန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (အ.မ.က)ရွှေကုန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာစောင်ပြပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်တန်းမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (အ.မ.က)ရွှေကုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ထိုသို့ကျင်းပရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုမှ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပက်သက်၍ ဆောင်ရန်၊ ရှောင်ရန်ဆောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်တွင် သွားလာနေထိုင်ရာတွင် လူငယ်လူရွယ်များအနေဖြင့် ဂရုစိုက်သွားလာနေထိုင်ရန်သင့်ကြောင်းကို ရှင်းလင်းပြသခဲ့သည်။


ကျောက်တန်းမြို့နယ် ပြန်ကြားကြားရေးနှင့်ပြည်သူဆက်ဆံရေးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတရရှိစေရန် ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)