အုတ်တွင်းမြို့နယ်၌ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP  -  ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးရွာအုပ်စုအတွင်းရှိ ညောင်ပင်ကျေးရွာ၊ ကြက်လျှာကျေးရွာနှင့် ခပေါင်းဝကျေးရွာများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း (NEP Phase II) ဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကိုက လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လျှပ်စစ်အန္တရာယ် အသိပညာပေးခြင်းများ ရှင်းလင်းပြောကြားကာ ကျေးရွာနေပြည်သူတစ်ဦးမှ ‌လျှပ်စစ်မီးရရှိသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ဆက်လက်၍ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကို၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေးကော်မတီများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


အဆိုပါ ကျေးရွာသုံးရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ (NEP Phase ll) စနစ်ဖြင့် လျှပ်စစ်မီးရရှိ‌ရေးလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ကျေးရွာသုံးရွာမှ အိမ်ခြေ(၃၅၀)အား လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနမှ သိရသည်။


အေမင်းရည်စော 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)