သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၃

သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ကျင်းပသည်။


ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Joyasingbe Mudhiyan selage Janaka Priyantha Bandaraနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LisTopaDov နှင့်တာဝန်ရှိသူများက သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ (၇၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဆီမီး ထွန်းညှိပေးကြသည်၊၊


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သီချင်းနှင့် သီရိလင်္ကာဒီမိုကရက်တစ် သမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။


ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က နှုတ်ခွန်းဆက် စကားပြောကြားကြပြီး အမှတ်တရလက်ဆောင်

ပစ္စည်းများပေးအပ်ကြသည်၊၊


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ သံအမတ် ကြီးနှင့်၎င်းတို့၏ဇနီးတို့သည် ဧည့်ခံပွဲသို့တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။


ထို့နောက် သံအမတ်ကြီးနှင့်ဇနီးတို့က ဧည့်ခံပွဲသို့တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး သီရိလင်္ကာဒီမိုကရက်တစ် သမ္မတနိုင်ငံယဉ်ကျေးမှု အကအဖွဲ့ဝင်များက ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြသည်၊၊


အခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)