MNP - ဖေဖော်ဝါရီ ၂၅
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကြမည့် ကျောက်မဲမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အ.ထ.က(၁) ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောက်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း အ.ထ.က(၁) စာစစ်ဌာနတွင် ကျောင်းတွင်း ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား(၁၇)ဦး၊ ကျောင်းသူ (၃၅)ဦး၊ ပြင်ပမှဝင်ရောက် ဖြေဆိုကြမည့် ကျောင်း သား(၅၅)ဦး၊ ကျောင်းသူ (၁၀၅)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁၂) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment