MNP - ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင်ယနေ့နံနက် ၇း၀၀နာရီက ရွှေတောင် မြို့နယ် အတွင်း ဥပဓိရုပ်ကောင်းမွန်၍ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်းအထူးသန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အထူးသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက ရွှေတောင် မြို့ နယ်မယားမာန်ကျေးရွာအုပ်စု၊မယားမာန်ကျေးရွာ ရွှေနတ်တောင်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်နှင့်ပုရဝုဏ်အတွင်းတွင်ပြုလုပ်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊မယားမာန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များစုစုပေါင်းအင်အား (၄၅၃)ဦးခန့်ဖြင့် ပေါင်းမြက်များ၊ချုံနွယ်များ၊ အမှိုက်သရိုက်များ ဖယ်ရှား ရှင်းလင်းခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြုလုပ်ခဲ့ပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဥ် သုံးစီးဖြင့် စည်ပင်သာယာအမှိုက်ကန်သို့ စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment