MNP - ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိသော ဆီထွက်သီးနှံနေကြာနှင့် အခြားသီးနှံများ စိုက်ပျိုးထားသည့် စိုက်ခင်းများသို့ ကွင်းဆင်း စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်နှင့် ဝန်ထမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာအောင်နှင့်ဝန်ထမ်းများက ကွင်းဆင်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါစိုက်ခင်းတွင် နေကြာ ၁၀ ဧက၊ အခြားသီးနှံ ၂၀ ဧက အား ဆိုလာစနစ်ဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ဆိုလာသုံးစွဲမှုအခြေအနေများ၊ သီးနှံစိုက်ပျိုထားမှု အခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment