ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌မြို့နယ်ကြက်‌ခြေနီအသင်းမှမိုင်းအန္တရာယ်အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌မြို့နယ်ကြက်‌ခြေနီအသင်းမှမိုင်းအန္တရာယ်အသိပညာပေးဟောပြော





MNP   -   ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်  ရသေ့တောင်မြို့၌ မပေါက်ကွဲသေးသောစစ်လက်နက်ကျန်ပစ္စည်းနှင့်မိုင်းအန္တရာယ်အသိပညာ ပေး ဟောပြောခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က သီရိ‌သောမာရုံဘုန်း‌ တော်ကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအားအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။  


အဆိုပါ အသိပညာပေးဟောပြောရာတွင် မြန်မာနိုင်ငံကြက်‌ ခြေနီအသင်း ၊ မြို့နယ်ကြက်‌ခြေနီအသင်းမှမြို့နယ်တပ်ဖွဲ့မှူး ဒေါ်အေးသန်းနု နှင့် အဖွဲ့ဝင်များကပေါက်ကွဲစေနိုင်သောစစ်လက်နက်အကြွင်းအကျန်များ၏ဝေရာတွင်နေရန်၊အန္တရာယ်ရှိသောနေရာ၏အနီးပတ်ဝန်းကျင်အားဘယ်သောအခါမှမချဉ်းကပ်ပါရန်၊အခြားသူများအလည်းအန္တရာယ်ရှိသောနေရာသို့မသွားကြရန်မိမိနှင့်အကျွမ်းတဝင်မဖြစ်သောဒေသတွင်ခရီးသွားပါကလူများအသုံးပြုထားသောလမ်းများကိုသုံးပြုရန်မိုင်း(သို့)ပေါက်ကွဲနိုင်သောစစ်လက်နက်အကြွင်းအကျန်တစ်ခုခုအားတွေရှိပါကလူကြီးတစ်ဦးဦးအကြောင်းကြားရန်အနီးသို့သွားခြင်း၊ကိုင်တွယ်ခြင်းမည်သည့်အခါမှမပြုလုပ်ကြရန် စသည့်တို့ကို အသိပညာပေး အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။ 


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ထီးစွဲကျေးရွာသူ ၊ကျေးရွာသားများတက်ရောက် ခဲ့ကြကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)