ပေါက်တောမြို့၌ ဌာနဆိုင်ရာ(အမျိုးသား)အသင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ(အမျိုးသမီး)အသင်းချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ဌာနဆိုင်ရာ(အမျိုးသား)အသင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ(အမျိုးသမီး)အသင်းချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်




MNP  -   ဖေဖော်ဝါရီ  ၁

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ(အမျိုးသား)အသင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ (အမျိုးသမီး)အသင်းတို့ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲကို ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်းတွင် ယမန်နေ့ ည ၅ နာရီက ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။


ပြိုင်ပွဲကို အကြိုက်အနေယှဉ်ပြိုင်အစားခဲ့ကြရာ ဌာနဆိုင်ရာ(အမျိုးသား)အသင်း နှစ်ဂို နှင့် ကျန်းမာရေးဦးစီးဌာနမှ (အမျိုးသမီး) အသင်းမှ လေးဂိုဖြင့် အနိုင်ရရှိခဲ့ကြောင်း၊အနိုင်ရရှိခဲ့သည့် ကျန်းမာရေးဦးစီးဌာနမှ (အမျိုးသမီး) အသင်းကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊အားကစားကို စိတ်ပါဝင်စားသည့် ပြည်သူများ လာရောက်ကြည့်ရှု အားပေးကြ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)