ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုများတွင် ပါဝင်ခဲ့သည့် ဖမ်းဆီးရမိ အကြမ်းဖက်လှုံ့ဆော်သူနှင့် အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုများတွင် ပါဝင်ခဲ့သည့် ဖမ်းဆီးရမိ အကြမ်းဖက်လှုံ့ဆော်သူနှင့် အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ ဖေဖော်ဝါရီ ၂၅ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် အာဏာရ NLD ပါတီက မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်ကို အာဏာအရပ်ရပ် လွှဲပြောင်း တာဝန်ပေးလိုက်သည့်နောက်ပိုင်း NLD ဦးဆောင်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းကာ အလုံးစုံပျက်သုဉ်းရေး၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရေး အကြမ်းဖက်လုပ်ရပ်မျိုးစုံကို ကျူးလွန်ခဲ့ကြသည်။

NLD ဦးဆောင်သူများပါဝင်သည့် CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များမှာ လွတ်မြောက်နယ်မြေ (ပြည်ပ) သို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား အကြမ်းဖက်လုပ်ရပ်မျိုးစုံကျုးလွန်နိုင်အော် လက်နက်၊ ငွေကြေး ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ကြရာ PDF နှင့် ပူးပေါင်းအဖွဲ့များ၏ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၄၃၃ ဦး အထိ သေဆုံးခဲ့ရသည်။ အကြမ်းဖက်လှုံ့ဆော်သူများ၊ အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိ အကြမ်းဖက်သမားအချို့ကို ၂၄-၂-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြိုနယ်၊ ကျောက်မှော်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်အဖွဲအစည်းများနှင့်အတူ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ငပြူး(ခ)ညိမ်းညိမ်းမောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ်၊ ယင်းမာပင်မြိုနယ်၊ ကျောက်မှော်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်အဖွဲအစည်းများနှင့် ပတ်သက်နေသူများအား သက်ဆိုင်ရာသို သတင်းပေးပိုခြင်းမရှိဘဲ ထိန်ချန်ထားသူ တရားခံ ဘုန်းမြင့်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ်၊ ယင်းမာပင်မြိုနယ်၊ ကျောက်မှော်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်နေသူများအား သက်ဆိုင်ရာသို သတင်းပေးပို့ခြင်းမရှိဘဲ ထိန်ချန်ထားသူ တရားခံ မျိုးမြင့်ဆွေအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(ဂ)အရ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ်၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်အဖွဲအစည်းများနှင့် ပတ်သက်နေသူများအား သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းမရှိဘဲ ထိန်ချန်ထားသူ တရားခံ သန်းဇော်ဌေး(ခ)ရေအောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော အကြမ်းဖက်အဖွဲ့အစည်းများထံသို့ ပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မကေသီဝင်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)/ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊ ရွှေဘိုမြို၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော အကြမ်းဖက်အဖွဲအစည်းများထံသို့ ပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မသီတာအေး(ခ)မငယ်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)/ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ကလေးမြို့၊တာဟန်းရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ မြို့သူ/မြိုသားများအား CDM ပြုလုပ်ရန် စည်းရုံးလှုဆော်မှုများပြုလုပ်ခဲ့ပြီး ကိုယ်တိုင်ပါဝင် ဆန္ဒပြမှုများအား ဆောင်ရွက်ခဲ့သူ တရားခံ လဲမ့်ကိမ်း(ခ)ကိမ်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မွာလ်ဇောလ်ကျေးရွာတွင် နေထိုင်၍ ကလေးမြို့နယ်အတွင်း မြို့သူ/မြို့သားများအား CDM ပြုလုပ်ရန် စည်းရုံးလှုဆော်မှုများပြုလုပ်ခဲ့ပြီး ကိုယ်တိုင်ပါဝင် ဆန္ဒပြမှုများအား ဆောင်ရွက်ခဲ့သူ တရားခံ လာလ်ပန့်ဆန်းငါအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ မြို့သူ/မြို့သားများအား CDM ပြုလုပ်ရန် စည်းရုံးလှုဆော်မှုများပြုလုပ်ခဲ့ပြီး ကိုယ်တိုင်ပါဝင် ဆန္ဒပြမှုများအား ဆောင်ရွက်ခဲ့သူ တရားခံ နီးခမ်း(ခ)နီးလိမ်ခမ်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ မြို့သူ/မြို့သားများအား CDM ပြုလုပ်ရန် စည်းရုံးလှုဆော်မှုများပြုလုပ်ခဲ့ပြီး ကိုယ်တိုင်ပါဝင် ဆန္ဒပြမှုများအား ဆောင်ရွက်ခဲ့သူ တရားခံ ဝင်းမင်းထွန်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ် အသီးသီး ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)