ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်





MNP   -   ဖေဖော်ဝါရီ   ၇

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝါရီရူခန်းမ ၌ယ‌နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ်စီမံကောင်စီဥက္ကဌ ဦးထင်လင်းအောင် က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်လည်းကောင်း၊နိုင်ငံ‌တော်အဆင့်လူရည်ချွန်နှစ်ဦးအား ဆုချီးမြှင့်နိုင်ရေးအတွက်လည်းကောင်း၊ (၇၆)နှစ်မြောက် မြို့နယ်အဆင့် ကဗျာ၊စာစီစာကုံး၊ပန်းချီပြိုင်ပွဲများတွင်ဆုရရှိသူများအားဆုချီးမြှင့်နိုင်ရေးအတွက်လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေးအတွက်လည်းကောင်း၊ ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ပြီးစည်းလုံးညီညွှတ်ကာပူးပေါင်းဆောင်ရွက်သွားကြရန် စသည်များအသေးစိတ်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင်မြို့နယ်စီမံကောင်စီအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)