MNP - ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်က ဈေးဆိုင် များအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ၊ ဈေးကော်မတီ အဖွဲ့တို့မှ (၄)မိုင်ဈေးရှိ ဈေးရောင်းချသူများ အနေဖြင့်မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ် ဆေးဘူးဖြင့် စနစ်တကျ ဖြင့် မီးငြိမ်းသတ်မှုများ ၊ မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်တတ်စေရန် ဈေးသူ၊ ဈေးသားများအား ရှင်းလင်းပြောကြားပြီး မြို့မဈေးကြီး အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် မီးချိတ် ၊မီးကပ်များ ၊သဲအိတ်များ ၊ရေပုံး၊ ရေကန်များ၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများ များ အလွယ်အတူ အသုံး ပြုနိုင်ရန် အဆင်အသင့် ဆောင်ရွက်ထားရန် ၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြ စေရန် ၊ ဈေးအတွင်း လှည့်လည် ကြည့်ရူ စစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment