ဟုမ္မလင်းမြို့၌ အခြေခံငါးမွေးမြူရေးနှင့်အသားတိုးငါးမွေးမြူရေး သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့၌ အခြေခံငါးမွေးမြူရေးနှင့်အသားတိုးငါးမွေးမြူရေး သင်တန်းဖွင့်


MNP   -    ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနမှ အခြေခံ ငါးမွေးမြူရေးနှင့် အသားတိုးငါးမွေးမြူရေးသင်တန်းဖွင့်ပွဲကို  ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ဟုမ္မလင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဟုမ္မလင်း စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊  တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သန်းဦး၊ စစ်ကိုင်းခရိုင် ဦးစီးဌာနမှူး ဦးရဲထွန်းနိုင်တို့က မြေနေရာ ရွေးချယ်ခြင်း၊ ကန်ထူးဖော်နည်းစနစ်၊ ရေအရည်သွေး တိုင်းတာခြင်းငါးထည့်သွင်းခြင်း၊ အစားကျွေးနည်းစနစ်၊ ငါးရောဂါစသည်တို့ကို Power point ဖြင့် ကျောင်းသား/သူများကို အကျယ်တဝံ့ရှင်း လင်းပြောကြားခဲ့သည်။


ဆက်လျက်၍၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်မြင့်မြင့်လှိုင်က အခြေခံငါးမွေးမြူရေးနှင့် အသားတိုးငါးမွေးမြူခြင်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းသား/သူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါသင်တန်းကို ဟုမ္မလင်းမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၂၃)ဦးတက်ရောက်ပြီး၊ သင်တန်းကာလကာလမှာ (၁)ရက်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)