နတ်မောက်မြို့နယ် ကျောက်တံခါးရေလှောင်တမံသောက် လယ်မြေများတွင် တစ်နှစ်သီးနှံ (၃) မျိုး စိုက်ပျိုးမှုအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ကျောက်တံခါးရေလှောင်တမံသောက် လယ်မြေများတွင် တစ်နှစ်သီးနှံ (၃) မျိုး စိုက်ပျိုးမှုအဆင်ပြေ



MNP  -   ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျောက်တံခါးရေလှောင်တမံမှ ဆည်ရေဖြင့် ပင်း/ လက်ခုပ်ပင်၊ စာရံအိုင့်ကျေးရွာ၊ သင်ပန်းတောကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ပင်း-ဂွေးချိုကျေးရွာများမှ တောင်သူများသည် မိုးစပါး၊ နွေးစပါးစိုက်ပျိုးနေသော ကျေးရွာများဖြစ်သည်။


အဆိုပါဆည်ရေဖြင့် နတ်မောက်မြို့နယ် ပင်း/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာတွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ကုလားပဲသီးနှံ၊ နေကြာသီးနှံများစိုက်ပျိုးခဲ့ကြောင်း၊ ဖေဖော်ဝါရီ လ ပထမပတ်တွင် ကုလားပဲသီးနှံ၊ နေကြာများရိတ်သိမ်းခြွေလှေ့ပြီးဖြစ်၍ ယခုအခါ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ထယ်ရေးပြုပြင်ခြင်း၊ ပျိုးထောင်ခြင်းများဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။


ယခင်က ဆည်ရေဖြင့်တစ်နှစ်လျှင် မိုးစပါး၊ နွေစပါးနှစ်သီးသာ စိုက်ပျိုးခဲ့ရာမှ စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူများနှင့်ထိတွေ့ကွင်းဆင်းပညာပေးမှုကြောင့် မိုးစပါးရိတ်သိမ်းပြီးချိန်၊ နွေစပါးမစိုက်ပျိုးမီ သီးထပ်သီးနှံအဖြစ် ကုလားပဲ၊ နေကြာသီးနှံများစိုက်ပျိုးလာကြသဖြင့် စာရံအိုင့်ကျေးရွာသည် လယ်မြေတွင် တစ်နှစ် သီးနှံ(၃)မျိုး စိုက်ပျိုးမှုအောင်မြင်၍ တောင်သူများ အဆင်ပြေကြောင်း ပ/လက်ခုပ်ပင်ကျေးရွာ တောင်သူဦးမောင်စိုးက ပြောသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)