မင်းဘူး(စကု)မြို့နယ်တွင် ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားရေးအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားရေးအဆင်ပြေ




MNP  -   ဖေဖော်ဝါရီ  ၃

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ၌ ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ ပဲတိုင်ထောင်စိုက်ပျိုးရောင်းချသူ ကိုဌေးအောင်ထံမှ သိရသည်။


အဆိုပါ ပဲတိုင်ထောင် စိုက်ခင်းများကို မြေအောက်ရေဖြင့် စတင်စိုက်ပျိုးရောင်းချခဲ့ပြီး အတောင့် ၁၀၀ စည်းတစ်စည်းကို ငွေကျပ် ၁၂၀၀ ရောင်းချရကြောင်း၊ ပဲတိုင်ထောင်အပြင် ခရမ်းချဉ်သီး၊ နံနံပင်၊ မုံညှင်း၊ ရွှေပဲသီး၊ ငရုပ်သီး၊ ဘူးသီးပင်၊ ဆူးပုတ်ပင်နှင့် ငှက်ပျောပင်များပါ စိုက်ပျိုးထားကြောင်းလည်း သိရသည်။


ပဲတိုင်ထောင်များကို တစ်ရက်ကျော်တစ်ခါ ခူးဆွတ်ရောင်းချရပြီး တစ်နေ့လျှင် ၇၀၀၀ ကျော်ရရှိကာ တစ်လလျှင် ငွေကျပ် ၁၀၀၀၀၀ ကျော်ရရှိသည့်အပြင် စိုက်ပျိုးပြီးရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံးစိုက်ပျိုးရောင်းချရပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေသည့်အတွက် မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကျောက်တန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာဖြစ်သောကြောင့် စပါးစိုက်ခင်းများအပြင် မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံပင်များပါ စိုက်ပျိုးကြပြီး အချို့က တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို အချို့က စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)