ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ




MNP  -  ဖေဖော်ဝါရီ  ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို   ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။  


 အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား /သူ (၁၁)ဦးက “တန်ဖိုးထားအပ် ပြည်ထောင်စု စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၄)ဦးက “ပြည်ထောင်စုနေ့ မြင်ကွင်း” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဖေဖော်ဝါရီ  ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေး အပ်မည် ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)