မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် ကံမလေးဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် ကံမလေးဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ


MNP  -   ဖေဖော်ဝါရီ ၂၅

အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် ကံမလေး ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင်တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး  ဌာန၊ မကွေးတိုင်းဒေသကြီး ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လှိုင်ဌေးမှ စီမံကိန်း စတင်အကောင်အထည် ဖော်ဆောင်ရွက်သည အခြေအနေများ၊ ယခု ၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက ၃၀၀ ပြည့်မီရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်တွေ့ဆုံရာတွင် တောင်သူများအား စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ တောင်သူများအနေနဲ့ မိမိတို့ စိုက်ပျိုးသည့် သီးနှံများဈေးကောင်းရရှိရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရန် ရည်ရွယ်၍ မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများအနေဖြင့် နိုင်ငံတော်အား အထောက်အကူပြုနိုင်စေရေးကို အလေးထား၍ သီးနှံများ အထွက်တိုး အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်းပြောကြားဆွေးနွေးပြီး တက်ရောက်လာသော ဒေသခံ တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပြီး နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မျိုးသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)