နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ


MNP  -  ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာရေးဌာနတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဦးသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ဒု-ရဲမှူးကျော်စိုးက ယာဉ်စည်းကမ်းလမ်းစည်း လိုက်နာမှုအားနည်းခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေပုဒ်မအကြောင်းအရာများ၊ မော်တော်ဆိုင်ကယ်  မောင်းနင်းသူများ လိုက်နာရမည့်အကြောင်းအရာများ၊ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း၏ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့ ဒု-ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၀၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)