ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်






MNP   -  ဖေဖော်ဝါရီ  ၁၇

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်း ညှိနိုင်း အစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက  မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီး ပြန်လည် ပြု ပြင် မွမ်းမံဆောင်ရွက်နေသည့် ကိစ္စရပ်များ ၊  မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် လမ်းပြုပြင်ဆောင်ရွက်မှု အခြေ အနေများ စသည့်တို့ကို အသေးစိတ်သိရှိစေလိုကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက  မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီး ပြန်လည် ပြုပြင် မွမ်းမံ ဆောင် ရွက် လျက်ရှိသည့် အခြေအနေများ ၊ ရှေ့ဆက်ပြုပြင်ဆောင်ရွက်မည့် အစီအစဉ်များ ၊ လမ်းလုပ်ငန်းများ ဆောင်ရွက် လျက် ရှိသည့် အခြေအနေများ စသည့် လုပ်ငန်းများ အသီးသီး တင်ပြကြရာ  ဆွေးနွေး တင်ပြချက် များ အ ပေါ်  ခရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)