ပုဏ္ဏားကျွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ အကြိုဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ အကြိုဟောပြောပွဲကျင်းပ




MNP   -   ဖေဖော်ဝါရီ ၁၁

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ အကြိုဟော ပြောပွဲကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီက အခြေခံပညာမူလတန်း(လွန်)၊ ရွာဟောင်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မူ/လွန်(ရွာဟောင်း) ကျောင်း အုပ်ဆရာမကြီး ကိုယ်စား အလယ်တန်းပြ ဆရာမ ဒေါ်မမြသန်းက  ကျောင်းသား၊ ကျောင်းသူများ (၇၆)နှစ်မြောက်    ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ အကြိုဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းတန်အောင်က ကျောင်းသား/သူ များ အသိပညာဗဟုသုတများ တိုးပွားလာစေရန် အတွက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပင်လုံစာချုပ်ကို သဘောတူ ချုပ်ဆိုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါဟောပြောပွဲသို့ ဆရာ/မများနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၊မှ ထုတ်ဝေသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်၊ သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေ ပေးခဲ့ကြောင်းသိရ သည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)