ညောင်ဦးမြို့နယ် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချရပြီး ထပ်စိုက်ပျိုးသူများလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချရပြီး ထပ်စိုက်ပျိုးသူများလာ


MNP  -   ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများ၊ သစ်ထောင့်ကျွန်းကျေးရွာများသည် ထိုင်ဝမ်သင်္ဘောစမ်းသပ်စိုက်ပျိုးခဲ့ရာ ထိုင်ဝမ်သင်္ဘောသီးပေါ်ချိန် ဈေးကွက်အတွင်း ထွက်သလောက်ရောင်းကောင်းခြင်းကြောင့် ထပ်မံစိုက်ပျိုးဖို့ ပျိုးထောင် ခြင်းများလုပ်ဆောင်လျက်ရှိကြောင်း ဖက်တန်းကျေားရွာ ဦးဝင်းနိုင်ဦးထံက သိရသည်။


ညောင်ဦးမြို့နယ် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးခြင်းအား ယခင်ကစိုက်ပျိုးမှုမရှိခဲ့ပဲ တစ်ဧကခန့်စမ်းသပ်စိုက်ပျိုးခဲ့ရာကနေ ထပ်မံစိုက်ပျိုးခဲ့ရာ အသီးသီးနှုန်းကောင်းမွန်ပြီး အသီးလည်းကြီးကာ သင်္ဘောသီးတစ်လုံး အစိမ်းသုံးရာကျပ်မှ လေးကျပ်ထိရောင်းချခဲ့ရပြီး သင်္ဘောသီးအမှည့်တစ်လုံး တစ်ထောင်ငါးရာကျပ်မှ နှစ်ထောင်ကျပ်အထိ ဖောက်သည်ဈေးရောင်းချခဲ့ရကြောင်း ဦးဝင်းနိုင်ဦးက ရှင်းပြသည်။ ထိုင်ဝမ်သင်္ဘောစိုက်ပျိုးခြင်းအား အစေ့လေးရာပါ ထိုင်ဝမ်သင်္ဘောပျိုးစေ့ထုပ်ဝယ်ယူပြီး တစ်စေ့တစ်အိတ်ဖြင့် ထည့်ပျိုးထောင်ရပြီး ခုသုံးလုံးတံဆိပ်ဝယ်ယူကာ ပျိုးစေ့အိတ်တစ်ထုပ် လေးသောင်းငါးထောင်ကျပ် ပေးဝယ်ရကြောင်း၊ ပျိုးထောင်ပြီးရက်နှစ်ဆယ်ကြာလျှင် စိုက်ခင်းထဲရွှေ့ပြောင်းစိုက်ပျိုးကြရပြီး ငါးပေပတ်လည်ပင်ခြားဖြင့် တစ်ပင်ခြင်းစိုက်ပျိုးရန် တစ်ပေပတ်လည်အနက်၊ အကျယ်တူး၍ နွားချေး၊ ဆိတ်ချေးနှင့် သစ်ရွက်ဆွေးမြေများဖြင့် မစိုက်ခင်ရေဖြင့်နှပ်ပေးထားကာ စိုက်ပျိုးရကြောင်းသိရသည်။ စိုက်ခင်းထဲစိုက်ပြီးချိန် တစ်လခွဲ၊ နှစ်လခန့်အကြာတွင် အဖူးအပွင့်ပွင့်ကာ အသီးသီးကြောင်း၊ ထိုင်ဝမ်သင်္ဘောသီးပင်သည် အပင်ခပ်နိမ့်နိမ့်ဖြင့်ပင် အသီးများပြွတ်နေအောင်သီးကာ အပင်နှင့်အသီးမလိုက်ဖက်အောင် အသီးများကြောင်းသိရပြီး သင်္ဘောသီးအမှည့်ကို ဦးစားပေးရောင်းချရခြင်းကြောင့် ပြွတ်သိပ်သီးသည့်အသီးများခွဲကာ သင်္ဘောသီးစိမ်းဆွတ်ခူးရောင်းချကြကြောင်းလည်း သိရသည်။


ထိုင်ဝမ်သင်္ဘောမျိုးများသည် ပထမမျိုးဆက်သာ အသီးသီးနှုန်းကောင်းမွန်ကြီးထွားပြီး၊ ဒုတိယမျိုးဆက်အပင်ပေါက်သော်လည်း အသီးမကြီးခြင်း၊ အဖိုပင်၊ အမပင်ရော နှောဖြစ်နေတတ်ခြင်းကြောင့် မူရင်းအစေ့ထုပ်သာပြန်ဝယ်၍ စိုက်ပျိုးကြကြောင်းလည်း သိ ရသည်။ ညောင်ဦးမြို့နယ်တွင် ထိုင်ဝမ်သင်္ဘောများ စီးပွားဖြစ်အောင်မြင်ဖြစ်ထွန်းလာကာ ပခုက္ကူဈေးကွက်၊ ညောင်ဦး၊ ပုဂံ၊ မြင်းခြံဈေးကွက်များသို့ ထွက်သလောက်ရောင်းချကုန်နေကာ ထပ်မံစိုက်ပျိုးဖို့လည်း တောင်သူများထပ်မံပျိုးထောင်မှုများရှိနေကြောင်း သစ်ထောင့်ကျေးရွာနေထိုင်သူ ဦးရန်နိုင်ကရှင်းပြ၍သိရပြီး ထိုင်ဝမ်သင်္ဘောစိုက်ပျိုးခြင်းအား ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများတွင် စီးပွားဖြစ်အများအပြားစိုက်ပျိုးကြကြောင်းလည်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)