စစ်တွေမြို့ လူထုအခြေပြုဗဟိုဌာန ၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုသောအားဖြင့် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ လူထုအခြေပြုဗဟိုဌာန ၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုသောအားဖြင့် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်




MNP   -    ဖေဖော်ဝါရီ   ၇

    ရခိုင်ပြည်နယ်၊  စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ နေ့လည် (၁၄၀၀)နာရီအချိန်က (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာပေချစ်မြတ်နိုးသူများနှင့် ပင်လုံညီလာခံနှင့်ပင်လုံသဘောတူညီချက်လက်မှတ်ရေးထိုးသူများအတ္ထုပ္ပတ္တိစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးကျင်းပပြုလုပ်ခဲ့သည်။ 


     အဆိုပါစာဖတ်ဝိုင်းဆွေးနွေးရာတွင်ဒေါ်ခင်ယုယုနွယ်(လက်ထောက်ညွှန်ကြားရေးမှူး)က မြန်မာနိုင်ငံသည်နှစ်‌ေပါင်းတစ်ရာခန့်သူ့ကျွန်ဘဝတွင်နေထိုင်ခဲ့ရာမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပေါ်ထွန်းလာခဲ့ပြီး ကမ္ဘာ့အလယ်တွင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေထိုင်လာခဲ့ကြရသည် မှာ (၂၀)ရာစုနှစ် ပထမပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ် ကြောင်းစသဖြင့်အကျယ်တဝင့်ရှင်း လင်းဆွေးနွေးခဲ့သည်။


   ဆက်လက်ပြီး Book Club အဖွဲ့ဝင် မေ(ရခိုင်သူ)က ပင်လုံညီလာခံပေါ်ပေါက်လာရသည့် နောက်ခံသမိုင်းေခါင်းစဥ်ဖြင့်လည်းေကာင်း၊ အဖွဲ့ဝင် သူမောင်က ပင်လုံသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်မောင်ဗေဒါက ပင်လုံသဘောတူညီချက် လက်မှတ်ရေးထိုးသူ၂၃ဦး၏ အတ္ထုပ္ပတ္တိခေါင်းစဉ်ဖြင့်‌လည်း‌‌ေကာင်းအသီးသီးဆွေးနွေးခဲ့ကြသည်။


   အဆိုပါစာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသတင်း ရရှိသည်။


   ဇူလိုင်ကြယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)