ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး




MNP  -   ဖေဖေါ်ဝါရီ ၂၂

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဓါတ်အား ဖြန်းဖြူးရေးလုပ်ငန်းတို့က ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


    ထိုသို့ ဆောင်ရွက်ရာတွင် ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခင်မောင်ညိုနှင့်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အင်ဂျင်နီယာ ဦးဆက်ဝေဟိန်းတို့သည် ဆက်သွယ်ရေးရုံးသို့ သွားရောက်၍ မီးဘေးလုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ၊ မီးပလပ်၊ မီးခလုပ်များဟောင်းနွမ်း နေပါက အသစ်လဲလှယ် တပ်ဆင်ရေးနှင့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်များ၊ သဲအိပ်များ၊ မီးသတ်ရေပုံးများထားရှိရေး၊ ရေကန်များ၌ ရေများထားရှိရေးတို့ကို အကြံပြု လမ်းညွှန်ခဲ့ကြောင်း သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)